MNP - ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲတွင် ပထဝီသတင်းအချက်စနစ် နည်းပညာဆိုင်ရာ လုပ်ငန်းခွင်သင်တန်း Geographical Information System On-job Training (GIS) သင်တန်းဆင်းပွဲ အခမ်းအနားကို ညောင်ပင်ဈေးရပ်ကွက် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ စီမံခန့်ခွဲမှုရုံး၌ ဩဂုတ်လ(၂၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြောက်ဦးဌာနခွဲ ၊ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးကြည်ခင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြား ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစုမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးထွန်းမှ သင်တန်းပို့ချခဲ့သည်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ဌာနတွင်း ဝန်ထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ဌာနခွဲ၊ ဌာနစု အသီးသီးမှ အရာ ထမ်း၊ အမှုထမ်းများကို ဌာနတွင်း လုပ်ငန်းခွင်သင်တန်းများနှင့် မွမ်းမံသင်တန်းများကို စဉ်ဆက် မပြတ် ဖွင့်လှစ်လျက်ရှိရာ ပထဝီသတင်းအချက်အလက်စနစ် နည်းပညာဆိုင်ရာ လုပ်ငန်းခွင်သင် တန်းကို (၂၆.၅.၂၀၂၂) ရက်နေ့ မှ (၂၁.၈.၂၀၂၂) ရက်နေ့အထိ သင်တန်းဖွင့်လှစ်သင်ကြားခဲ့ပြီး မြောက်ဦးဌာနခွဲမှ အမှုထမ်း(၈) ဦး၊ ဆက်စပ်ဌာနဆိုင်ရာများ ဖြစ်သည့် လယ်ယာမြေစီမံခန့် ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ အမှုထမ်း(၂)ဦး ၊ စည်ပင်သာ ယာရေးကော်မတီမှ အမှုထမ်း (၁) နှင့် ဒေသခံ (၁) ဦး စုစုပေါင်း သင်တန်းသား(၁၂) ဦးတက်ရောက်ကြသည်။ ထိုသင်တန်းတွင် မြောက်ဦးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဦးမောင်ဆန်းဝင်းမှ သင်တန်းဆင်း လက် မှတ်ပေးအပ်ပြီး သင်တန်းသားများ(ကိုယ်စား) သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြော ကြားခြင်းနှင့် သင်တန်းသားများမှ သင်တန်းဆရာအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ ခဲ့ကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment