MNP - သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့နေ့လည် ၁နာရီအချိန်က အာဂမဇောတိကာရုံစာသင်တိုက် သာသနာ့ဗိမ္မာန်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။ ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြို့မရိပ်သာကျောင်း ဆရာတော် ဘဒ္ဒန္ဒမဟိန္ဒက သာရဏီယကထာမြွက်ကြားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္ဒပညာဝံသက အဖွင့်သြဝါဒကထာမြွက်ကြားရာတွင် အဖွဲ့အစည်းညီညွတ်ဖို့လိုကြောင်း၊ အဖွဲ့အစည်းညီညွတ်မှ ဆောင်ရွက်တဲ့ကိစ္စ အောင်မြင်နိုင်ကြောင်း၊ ဆရာတကာညီညွတ်စွာဖြင့် အားလုံးဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်းလိုကြောင်း မြွက်ကြားသည်။ ဆက်လက်၍ နယ်မြေတာဝန်ခံ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒသုန္ဒရ က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့် က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ရပ်/ကျေးသံဃာ့နာယက အဖွဲ့များအား သံဃာ့နာယကအဖွဲ့ဆိုင်းဘုတ်နှင့် တံဆိပ်တုံးများ ဆက်ကပ်ပြီးကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များမှ ဆွေးနွေးလျောက်ထားမှုကို ဥက္ကဋ္ဌ ဆရာတော်မှ ရှင်းလင်းမိန့်ကြားပြီး အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
သတင်း - အေးအေးဆင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment