သုံးခွမြို့နယ်၌ သဘာဝရေပြင်ရိုးချောင်းနှင့် မှော်ဝင်းချောင်းအတွင်း ငါးသား‌ပေါက် အကောင်ရေ (၇၅၀၀၀၀) ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ်၌ သဘာဝရေပြင်ရိုးချောင်းနှင့် မှော်ဝင်းချောင်းအတွင်း ငါးသား‌ပေါက် အကောင်ရေ (၇၅၀၀၀၀) ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ



MNP - ဩဂုတ်   ၅


ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရဲနွဲ့‌ကျေးရွာ သဘာဝရေပြင်‌ရိုး‌ချောင်းနှင့် အမှတ်(၉)ရပ်ကွက် မှော်ဝန်းချောင်းအတွင်း ယမန်နေ့ နံနက် ၉ နာရီအချိန်က ငါးသားပေါက်အ‌ကောင်ရေ (၇၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။


သုံးခွမြို့နယ်တွင် ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစာသုံးမှုမြင့်မား လာစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးရာ တွင် ရန်ကုန်-သံလျင်သွားကားလမ်းမဘေး ရဲနွဲ့ကျေးရွာတာထိပ် သဘာဝရေပြင် ရိုး‌ချောင်းအတွင်း လေးထောင့်ကန်စခန်းမှ ထိုင်းငါးခုံးမငါးသားပေါက် အကောင်‌ရေ (၂၅၀၀၀၀)၊ လှော်ကားစခန်းမှ ငါးအကောင်ရေ (၂၅၀၀၀၀)နှင့် အမှတ် (၉) ရပ်ကွက် မှော်ဝင်းချောင်းအတွင်းသို့ လေးထောင့်ကန်စခန်းမှ ထိုင်းငါးခုံးမ ငါးသားပေါက်အကောင်ရေ (၂၅၀၀၀၀)၊ စုစုပေါင်းငါးအကောင်ရေ (၇၅၀၀၀၀) ငါးမျိုးစိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။


ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး သန်းဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများ၊‌ ဌာနဆိုင်ရာဝန်ထမ်းများ၊ လေး‌ထောင့်ကန်စခန်း တာဝန်ခံ ဒေါ်သင်းသင်းခိုင်နှင့် ဝန်ထမ်းများက သဘာဝရေပြင်ရိုးချောင်းနှင့် မှော်ဝန်းချောင်းအတွင်းသို့ ငါးသားပေါက်များလွှတ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - စည်သူလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)