ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) ကြည့်ရှုစစ်ဆေး


နေပြည်တော် ဩဂုတ် ၁

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃၀)ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဆိုင်ရာအချက်အလက်များနှင့် ဘဏ္ဍာရေးဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းများသည် စီးပွားရေးကဏ္ဍနှင့် ဒွန်တွဲ၍ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် စနစ်တကျစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းနှင့် အလုပ်ရုံ/စက်ရုံအလိုက် စွမ်းဆောင်ရည်များ မြင့်မားတိုးတက်စေရန် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံခွဲများ၌တပ်ဆင်ထားသည့် စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီး ပျော့ဖတ်ချပ်အိုးဌာန၊ ပျော့ဖတ်ချပ်ဌာန၊ Dryer Section၊ တန်(၅၀)အဆင့်မြင့် စက္ကူထုတ်စက်ရုံ၊ ကလိုရင်းဒိုင်အောက်ဆိုဒ် ထုတ်လုပ်ရေးဌာန၊ ကလိုရင်းအယ်လ်ကာလီ ထုတ်လုပ်ရေးဌာန၊ ဓာတ်ဆားပြန်ထုတ်ဌာနနှင့် ရေဆိုးသန့်စင်ရေးဌာန တို့ကို ကြည့်ရှုစစ်ဆေးသည်။


ဇူလိုင် (၃၁)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံကုန်ကြမ်းစိုက်ကွင်းအတွင်း ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ မဟော်ဂနီပင်ကို  စိုက်ပျိုးပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများသည် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန် ဝန်ထမ်းများ၏စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ဒေသအတွင်းနည်းပညာတက္ကသိုလ်များတွင် တက်ရောက်ပညာ သင်ကြားနေသည့် ကျောင်းသား/သူများကိုလည်း စက်ရုံရှိနည်းပညာများ မျှဝေလေ့ကျင့် သင်ကြားပေးနိုင်ရေး ညှိနှိုင်းစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။


ယင်းနောက် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က  ကုန်ထုတ်လုပ်မှုနည်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)