"ကျောက်ဖြူအနာဂတ်" ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းစတင်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

"ကျောက်ဖြူအနာဂတ်" ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းစတင်ခြင်း အခမ်းအနားကျင်းပ






MNP ၊ သြဂုတ် ၁

တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက ၎င်း၏လူမှုတာဝန်ဝတ္တရားကို အခြေခံကျကျ ဖြည့်ဆည်းပေးရန်နှင့် လူထုသဘောဆန္ဒကို အခြေခံသည့် ကျောက်ဖြူစီမံကိန်းအဖြစ် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲရန် "ကျောက်ဖြူအနာဂတ်" ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာစီမံကိန်းကို CITIC Group မှ  လုပ်ငန်းပူးတွဲအဖွဲ့က ရေးဆွဲကာ ဇူလိုင်လ ၃၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ပထမဆုံး ဆေးကုသမှုပေးခဲ့သည့် ကျေးရွာတွင် ကျေးရွာသူ/သား ၇၀ နီးပါးကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံမှ အထွေထွေဆရာဝန် သုံးဦးက စစ်ဆေးကုသမှု ဆောင်ရွက်ပေးခဲ့သည်။ စီမံကိန်း စတင်ဆောင်ရွက်မှု မတိုင်မီ CITIC Group မှ လုပ်ငန်းပူးတွဲအဖွဲ့က ဒေသဆိုင်ရာ ကျန်းမာရေးဌာန၊ သက်ကြီးရွယ်အိုအသင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ၏ စီမံကိန်းအပေါ် အမြင်နှင့် အကြံပြုချက်များ သိရှိရန် သီးသန့်လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

"ကျောက်ဖြူအနာဂတ်" ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းကို ယူနန်ပြည်နယ် နိုင်ငံခြား အကူအညီပေးရေးဌာနမှ ရန်ပုံငွေထောက်ပံ့ပြီး ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံမှ ဒေသခံအရပ်ဘက်အဖွဲ့အစည်း KSEDAA က တာဝန်ယူ အကောင်အထည်‌ဖော်ခဲ့ကြောင်းသိရသည်။ အဆိုပါ စီမံကိန်းသည် လာမည့် ၄ လအတွင်း ကျောက်ဖြူစီမံကိန်း အနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၂၀ အား ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုများကို အခမဲ့ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ၏ ဆေးဝါးကုသမှုနှင့် ဆေးဝါးချို့တဲ့မှုပြဿနာကို ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဒေသခံပြည်သူများက ထိုနေ့တွင် ဆောင်ရွက်ခဲ့သည့် ရောဂါစစ်ဆေးကုသခြင်းဝန်ဆောင်မှုများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး အချို့အနီးတစ်ဝိုက်ရှိ ရွာသားများကပါ ကားဖြင့်အထူးတလည် လာရောက်ပြသခဲ့ကြောင်း သိရသည်။ ကျောက်ဖြူဒေသခံပြည်သူများနှင့် မေးမြန်းပြောဆိုရာတွင် CITIC ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်အထွေထွေမန်နေဂျာ မာချွမ်ဖူက ကျောက်ဖြူစီမံကိန်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှု့တာဝန်အရ ပြည်သူ့စားဝတ်နေရေးအတွက် ဝန်ဆောင်မှုပေးခြင်းက အပြန်အလှန် မြှင့်တင်ပေးကြောင်း၊ သက်ဆိုင်ရာ အသီးသီးမှ အရင်းအမြစ်များကို ပေါင်းစည်းကာ အားလုံးပါဝင်သည့် ပရဟိတစီမံကိန်းကို  ဆန်းသစ်သော အတွေးအမြင်ဖြင့် အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် CITIC Group မှ လုပ်ငန်းပူးတွဲအဖွဲ့၏ နှစ်ဝက်နီးပါးကြာ စေ့စပ်သော သုတေသနပြုမှု၊ စီစဉ်ပြင်ဆင်မှုနှင့် အကောင်အထည်ဖော်သည့် အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီး CITIC Group အနေဖြင့် ကျောက်ဖြူဒေသခံများနှင့်အတူ လက်တွဲကာ သာယာလှပသော အနာဂတ်ကို ဖန်တီးပေးလိုသော ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ရာ ဒေသခံပြည်သူများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ 

ယူနန်ပြည်နယ် နိုင်ငံခြားအကူအညီကဲ့သို့သော အကူအညီပေး‌ရေး အရင်းအမြစ်များနှင့် ပေါင်းစည်းပြီး  ကျောက်ဖြူ၌ စီမံကိန်းများအဖြစ် လုပ်ဆောင်ကာ ကုမ္ပဏီ၏ လူမှုတာဝန်ထမ်းဆောင်မှု ပုံစံသစ်များကို ကျေပွန်အောင်လုပ်ဆောင်လျက်ရှိကြောင်း ၊ ကျောက်ဖြူစီမံကိန်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်မှုအတွက် အပြုသဘောဆောင်သော ပြည်သူ့ဆန္ဒ ပတ်ဝန်းကျင်ကို ဖန်တီးရန် ဒေသခံပြည်သူစားဝတ်နေရေးဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် CITIC Group နှင့် ဒေသခံများအကြား ဆက်ဆံရေးကောင်းမွန်စေရေး၊ ကျောက်ဖြူဆိုင်ရာ CITIC Group မှ တာဝန်ရှိ ကုမ္ပဏီ၏ အပြုသဘောဆောင်သော ပုံပန်းသဏ္ဌာန်ကို မြှင့်တင်ပေးရေးစသည်တို့လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)