MNP ၊ ဩဂုတ် ၁
ရခိုင်ပြညနယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင် ပြီး မိုးစပါး စိုက်ခင်းများအတွင်း ရေလုံလောက်စွာမရရှိသည့်အတွက် မြေကြီးများပက်ကြားအက် များ ဖြစ်ပေါ်လျက်ရှိ ရာ မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ ယနေ့ညနေပိုင်းမှစ၍ကင်းတောင်စံပြကျေးရွာရှိ မျိုးစေ့ထုတ် စံပြစိုက်ကွင်း များအတွင်း စက်များဖြင့် ရေသွင်း ပေးလျက်ရှိ ကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊မိုးစပါး (၆၈၄၀၂)ဧက စိုက်ပျိုးရန်လျာထား ထားသော်လည်း မိုး ခေါင်မှုကြောင့် (၄၀၂၅၀)ဧကသာစိုက်ပျိုးပြီးဖြစ်သည့်အတွက်ရာခိုင်နှုန်းအားဖြင့် (၅၈.၈၄)ရာခိုင်နှုန်းသာရှိ ပြီး စိုက်ပျိုးပြီးကွင်းများတွင်လည်း မိုးခေါင်မှုကြောင့် မြေကြီးများပက် ကြားအက် များဖြစ် ပေါ်နေ ၍ စိုက်ခင်းများ မပျက်စီးရေး စိုက်ခင်းအတွင်း ရေသွင်းရန်လိုအပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ များသို့ နှိုးဆော်လျက်ရှိကြောင်း လည်းသိရသည်သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်မျိုးသန့်စပါးမျိုးထုတ်လုပ်နိုင်ရန်အတွက် တောင်သူပညာပေး စိုက်ခင်းများကို ကျေးရွာအုပ်စုများတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင် ရာသီဥတုပြောင်းလဲ မှုကြောင့် မိုးခေါင်သည့်အတွက်စံပြ စိုက်ခင်းများ မပျက်စီးရေး စိုက်ခင်းအတွင်းသို့ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း နှင့်ဝန်ထမ်း များ၊မျိုးစေ့ထုတ်တောင်သူများမှ စက်ဖြင့်ရေသွင်းလျက်ရှိကြောင်းသိရသည်။
ယခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်သည့်အတွက် လက်ရှိအချိန်အထိ မိုးရွာ သွန်းရက်(၇၃) ရက်ရှိရာ မိုးရေချိန် လက္မမှာ(၇၁.၁၉)လက္မသာ ရှိသည့်အတွက် မိုးစပါးစိုက်တောင်သူများ အတွက်အခက်ကြုံလျက်ရှိပြီး မိုးစပါးများအောင်မြင်ဖြစ်ထွန်းရန်အတွက် လုံလောက်သော မိုးရေချိန်ရရှိရန် လိုအပ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း ထံမှသိရ သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment