MNP -ဩဂုတ် ၂၅
ပြည်သူများစာပေလေ့လာဖတ်ရှုပြီး ဗဟုသုတကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေ ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် (၁) နာရီမှ စတင်၍ စာရေးဆရာအောင်သင်း၏ မျိုးဆက်သစ်ရဲ့မဟာမိတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ် က စာပေကို ဂုဏ်ယူစွာ ဖတ်ရှုလေ့လာစေလိုကြောင်းဖြင့် စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားခဲ့ပြီး စာရေးဆရာအောင်သင်း၏ မျိုးဆက်သစ်ရဲ့မဟာမိတ် စာအုပ်အားဦးဆောင်ဆွေးနွေး ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာပါသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဒေါ်လှလှနွယ်မှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း - လင်းလင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment