ရွှေဘိုတက္ကသိုလ်၌ ခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုတက္ကသိုလ်၌ ခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ


MNP - သြဂုတ်   ၆


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲတွင် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိူးဦး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမျိုးမျိုး၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် (ဂီတပညာရှင်) ဦးအောင်ငွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် အဆိုတော် နန်းစိုးခိုင်မှ စည်တော်ကြီးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။        


ထို့နောက် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဖိုးထားလိုစိတ်၊ အမျိုးကို ချစ်သည့် စိတ်လည်း အရေးကြီးပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ ယနေ့ခေတ်လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်သည့်အတွက် ပညာရေး အဆင့်မြင့်မားမှုနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မကွယ်ပျောက်စေဘဲ ယဉ်ကျေးမှု အားကောင်းလာစေရေးကို ရည်မှန်းပြီး ပြိုင်ပွဲများ ကျင်းပရဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများ အနုပညာရှင်များက အဆိုအကများဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိူးဝင်းနှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ မျိုးမျိုးနှင့် ဒုပါမောက္ခချူပ်၊ ဆရာ ဆရာမများ၊ အမျိုးသ္မီးရေးရာ၊ မိခင်နှင့်ကလေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်ပေး ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)