MNP - ဩဂုတ် ၁၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အနောက်ကင်းကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာလူထုပူးပေါင်းပါဝင်သော ကျေးရွာများတည်ဆောက်ခြင်း စီမံကိန်းဝန်ထမ်းတို့နှင့်ပူးပေါင်း၍ စာကြည့်တိုက်အသိပညာပေးခြင်းနှင့် အမျိုးသမီးများဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်ဒေသအဆင့်ရုံးမှပုံနှိပ် ကျွမ်းကျင်-၅ ဦးခင်မောင်က ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ ဖတ်ရှုစေလိုပါကြောင်း စာအုပ်စာပေလူ့မိတ်ဆွေဆိုသကဲ့သို့ အသိပညာဗဟုသုတများရရှိစေရန်အတွက် စာပေများလေ့လာရန်လိုအပ်ပါကြောင်း စာအုပ်စာစောင်များဌားရမ်းဖတ်ရှုလိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လာရောက်ဌားရမ်းဖတ်ရှုနိုင်ပါကြောင်း ကိုဟောပြောပြီး စီမံချက်ကွင်းဆင်းအရာရှိ ဒေါ်စံပယ်ထွန်းက ပျိုဖော်ဝင်အမျိုးသမီးငယ်များ၊ အိမ်ထောင်ရှင်အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာဆောင်ရန်ရှောင်ရန် အသိပညာပေးခြင်း အကြောင်းကို ကျေးရွာနေအမျိုးသမီးများ သိရှိစေရန် ဟောပြောခဲ့ပြီးစီမံချက်မှ Health Promotor ကျန်းမာရေးမှူး ဦးကျော်ဆန်းဦးက ရာသီအလိုက်ဖြစ်တတ်သော ကူးစက်ရောဂါများနှင့် သားဆက်ခြားခြင်းအကြောင်းများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးက ဟိုနမ့်အခြေခံပညာအလယ်တန်းကျောင်းအတွက် လီတာ ၄၀ ဆန့်ရေသန့်စက် (lifestraw) အမှိုက်ပုံး၊ တံမြက်စည်းနှင့် အမှိုက်ကောက်တံများကို ကျောင်းကော်မတီထံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment