MNP ၊ သြဂုတ် ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးကစားကွင်း၌ ယနေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် ကျောင်းသားလူငယ်များ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင်က ကျောင်းသားလူငယ်များ ဉာဏ်ရည်များမြှင့်မားစေပြီး အတွေ့ခေါ်အယူအဆများကောင်း မွန်လာစေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်ကြစေရန်၊ ကျန်းမားကြံ့ခိုင်ပြီး အားကစား စိတ်ဓါတ်များ မွေးမြူတတ်စေရန် ရည်ရွယ်ချက်များနှင့်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲများ ကျင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများအားဆက်လက်ကျင်းပကြရာကျောင်းသား၊ ကျောင်းသူ ၁၂ ဦးအား အုပ် စု (၃) စုခွဲ၍ အမြှင့်ခုန်ပြိုင်ပွဲ၊ ကွမ်းသီးဝှက်ပြိုင်ပွဲနှင့် ငါးဖမ်းကစားနည်းပြိုင်ပွဲများ ကျင်းပကြရာ မြို့နယ်ဦးစီးမှူးက အနိုင်ရသူ အဆင့် (၃)ဆင့် သတ်မှတ်ကာ စားစရာမုန့်လက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment