MNP - ဩဂုတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဒေါ်ချိုဝင်းလှိုင်က တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သောစက်ချုပ်သမား လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန်၊ သင်တန်းသူများအနေဖြင့် မိမိတို့အသိဉာဏ်ဖြင့်အမျိုးမျိုးဖော်ထုတ်၍ အထည်ဒီဇိုင်းများစွာ ထုတ်လုပ်နိုင်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ကလေးဝတ်၊ လူကြီးဝတ် အထည်များချုပ်လုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၀ ရက် နေ့အထိ တစ်လကြာမြင့်မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ စက်ချုပ်ဝါသနာပါသူ အမျိုးသမီး ၂၀ ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။
သတင်း - မိုင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment