မိုင်းဖြတ်မြို့နယ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - သြဂုတ်   ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊  မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(တာချီလိတ်)က ကျင်းပပြုလုပ်သည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နားမွန်းကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(တာချီလိတ်)မှ  နှစ်သိမ့်ဆွေးနွေး ပညာဆွေးပညာပေးသူ ဒေါ်သင်းသင်းလွင်က XIV/AIDS ရောဂါအကြောင်း သိကောင်းစရာ များကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ဒေါက်တာ ဆိုင်းနူးဂျာက အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်စေနိုင်သော နည်းလမ်းများ၊ ရောဂါ လက္ခဏာများ၊ ကာကွယ်ရမည့်နည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး  ဒေါက်တာဇက်ခွန်မျိုးလတ်၊ ဒေါက်တာ ဆိုင်းနူးဂျာတို့ဦးစီး၍ ကျေးရွာနေပြည်သူ (၆၀)ဦးအား အသည်းရောင်အသားဝါ၊ XIVပိုး ရှိ/မရှိ  သွေးဖောက်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)