MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလှူဒါန်းသောလှူဖွယ်ဝတ္ထုကို ယနေ့ နေ့လည် ၁ နာရီ အချိန် စေတီယဂ်ဏဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်အရှင်သူမြတ်များအားသွားရောက်လှူဒါန်း ခဲ့ကြသည်။
ထို့သို့လှူဒါန်းရာတွင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊လဝကဦးစီး၊စည်ပင်ဦးစီး၊ငါးဦး ၊စိုက်ပျိုး ရေးမန် နေဂျာတို့မှ စေတီယဂ်ဏဘုန်းတော်ကြီးကျောင်း၊ကျောက်တန်းဘုန်းတော်ကြီးကျောင်း၊တင်ကုတ်ဘုန်းတော်ကြီးကျောင်း၊သံ ချောင်းဘုန်းတော်ကြီးကျောင်း၊ကျွန်း ချောင်းဘုန်းတော်ကြီးကျောင်း၊မူလ တောရဘုန်း တော်ကြီးကျောင်း၊အထက်နဂါးမောက်ဘုန်းတော်ကြီးကျောင်း၊အုန်းချောင်းဘုန်းတော်ကြီးကျောင်း၊ လောင်းချောင်းဘုန်းတော်ကြီးကျောင်း၊ ရွှေပါရမီဘုန်းတော်ကြီးကျောင်း၊သမီးလှဘုန်းတော်ကြီးကျောင်းများတိုက်ရှိသံဃာ တော်အရှင်သူမြတ်များအားကျပ်(၂၄၅၀၀၀)တန်ဖိုးရှိ သက်န်း၊ဆန်၊ဆီ၊ဆေး စသည့်လှူဖွယ်ဝတ္ထများကိုဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment