ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်





MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များသို့သွားရောက်ကာ  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်  မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက  မြို့ပေါ်ရပ်ကွက်များနှင့် မြစ်ဆိပ်များသို့သွားရောက်၍ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၈) ရက်၊ မြန်မာစံတော်ချိန် (၁၀;၃၀) နာရီအချိန်တိုင်း တာချက်များအရ ယနေ့နံနက်မှ (၂၀-၈-၂၀၂၂)ရက်နေ့ အတွင်း ကျောက်ဖြူမြို့နယ်တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ် နိုင်ပြီး လှိုင်းကြီးမည်ဖြစ်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) နှုန်းထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေအထိ ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကမ်းရိုး တန်းတစ်လျှောက်ရှိ ခရီးသည်တင်ယာဉ်များနှင့် ငါးဖမ်းလှေများအနေဖြင့် ရေလမ်းခရီးသွားလာခြင်းမပြု ကြရန်၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင် စီမံထားရှိကြရန် စသည့်အသိပေးနှိုးဆော်မှုများ  နှိုးဆော်ခဲ့ကြပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်နှင့် လေဘေးအသိ ပညာပေးလက်ကမ်းစာစောင်များကို ရေလမ်းခရီးသွားပြည်သူများနှင့် ရပ်ကွက်နေပြည်သူများထံသို့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)