ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ




MNP - သြဂုတ်   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို သြဂုတ် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်ပြည်သူ့ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲသည် ဇလွန်မြို့နယ်တွင် ပိုက်ကျော်ခြင်းအားကစား ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီနှင့် ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ မြို့နယ်အားကစား နှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း (၁၁) သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး (၂၅.၈.၂၀၂၂) ရက်နေ့မှ (၄.၉.၂၀၂၂) ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်၏ ပြောကြားချက်အရ သိရသည်။


သတင်း - ဝေယံ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)