MNP - ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ရွှေဘိုအတွေးရွှေဘိုသွေးစာပေ အနုပညာမဂ္ဂဇင်းအမှတ် (၃)၊၂၀၂၂ခုနှစ်စာအုပ်မှ၊ ဆရာမြတ်သာထွန်း(ရွှေစံပြ) ရေးသားထားသည့် "ဖြတ်လမ်း" ဝတ္ထုတိုဖြင့်ယမန်နေ့ နံနက်(၁၀)နာရီချိန်ကစာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ရွှေဘိုမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ အောင်ဘုန်းညိုက အဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေး ပြောကြားခဲ့ပြီးနောက်၊ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ "ဖြတ်လမ်း" ဝတ္ထုတိုပါအကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းနှင့် စိတ်ကြိုက်ကဗျာများ ရွတ်ဆိုခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များစာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာရေးဆရာများ၊ (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများနှင့် အသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment