မတ္တရာမြို့နယ်၌ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - ဩဂုတ်   ၂၉


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မတ္တရာမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်လင်းသိန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ဆောင်ရွက်ရန်လုပ်ငန်းများအတွက် တင်ပြတောင်းခံထားရှိမှုများ၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ရန်အတွက် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ တင်ပြထားရှိမှုများကို ပြင်ဆင်ဖြည့်စွက်နိုင်ရန်အတွက် စီမံကိန်းများကို ဖတ်ကြားရှင်းလင်းပြောကြားခဲ့ရာ ဌာနဆိုင်ရာများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)