၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ


MNP ၊ ဩဂုတ် ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုတို့မှ ဝန်ထမ်းများ၏ သား/သမီးများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ပညာသင် ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းများနှင့် ဝန်ထမ်း သား၊ သမီး ကျောင်းသား ကျောင်းသူများဖြစ်ကြသည့် မူလတန်းအဆင့်(၆၁၈)ဦး၊ အလယ်တန်းအဆင့် (၂၃၇)ဦး၊ အထက်တန်းအဆင့်(၈၀)၊ တက္ကသိုလ်တက်ရောက်သူ (၂၈၇)ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၂၅၁)ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါကြောင်း။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးသည် အဓိကအကျဆုံး ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးကို ဦးတည်ချက်ချမှတ်၍ အလေးအနက်ထား၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ကြသူများဖြစ်အောင် ကြိုးစားကြပြီး လုံ့လ၊ ဝိရိယနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချလျက် ပညာကို လိုလိုလားလား ကြိုးစားသင်ယူကြရန်၊ နိုင်ငံတော်က အားကိုးအားထား ပြုနိုင်သော သားကောင်း ရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းသွားကြ စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားပြီး နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၉)တွင် ဒုတိယဆုရရှိခဲ့သော ဦးဝင်းရွှေ ဒုတိယညွှန်ကြားရေးမှူးချုပ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုလက်မှတ် ပေးအပ်သည်။ ဆက်လက်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင် သူ(၁၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၆)ဦး အပါအဝင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်မည့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၂၅၁)ဦးအတွက် ငွေကျပ်စုစုပေါင်း (၁၈,၃၆၄,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)