စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရေးကော်မတီ၏ မှိုစိုက်ပျိုးထုတ်လုပ်ရေး အမှတ်စဉ်(၄/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရေးကော်မတီ၏ မှိုစိုက်ပျိုးထုတ်လုပ်ရေး အမှတ်စဉ်(၄/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်





MNP ၊ သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီ၏ မှို စိုက်ပျိုးထုတ်လုပ်ရေး အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ကော်မတီအနေဖြင့် ရည်မှန်းချက်(၆)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းကော်မတီ(၈)ခုကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ ကလေးအလုပ်သမား လျော့နည်းပပျောက် ရေးသည် အလုပ်သမားများ၏ လူမူအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရသည့် လုပ်ငန်းဖြစ် ခြင်းကြောင့် အမျိုးသားရေးတစ်ရပ် အနေဖြင့် သက်မှတ်ပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီများ အနေဖြင့် လည်း မဖြစ်မနေညှိနှိုင်းစီမံ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊


မိမိတို့ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် မိသားစုစားဝတ်နေရေးကိစ္စများအတွက် ဝင်ငွေရှာဖွေနိုင်မှု နည်းပါးခြင်းသည် ကလေးအလုပ်သမားများ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများဖြစ်ခြင်းကြောင့် ကလေး အလုပ်သမား ပပျောက်စေရန်အတွက် ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနိုင်သော်လည်း တက်စွမ်းနိုင်သရွေ့ ကလေးအလုပ်သမားအရေးကိစ္စကို ထိရောက်စွာဦးစားပေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် မှိုစိုက်ပျိုးထုတ်လုပ် နည်းအပြင် မှိုမျိုးသန့်မွေးမြူနည်းကိုပါ ပို့ချပေးသွားမှာဖြစ်တဲ့အတွက် သင်တန်းသားများအနေဖြင့် ဒီအတွေ့အကြုံ၊ နည်းပညာများကို ရယူပြီး ကိုယ်တိုင်မှိုမျိုးထုတ်များ ပြုလုပ်စိုက်ပျိုးနိုင်ကြမှာဖြစ်သလို စီးပွားဖြစ်ထုတ်လုပ် ရောင်းချပါကလည်း တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မှိုစိုက်ပျိုးလိုသူများအနေနဲ့ မှိုမျိုး ထုတ်များကို အလွယ်တကူဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းကာလ အတွင်း စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်နဲ့ တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုး ထုတ်လုပ်ခြင်းမှစီးပွားဖြစ် မှိုစိုက်ပျိုးထုတ်လုပ်သူများဖြစ်အောင် ကြိုးစားလေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများ၊ မှိုမျိုးထုတ်များနှင့် Home Garden စိုက်ပျိုးရန် အတွက် ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်များအား ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြခန်းတွင်ပြသထားသော ငွေနှင်းမှိုစိုက်ပျိုး ထုတ်လုပ်မှုအဆင့်ဆင့် ပြသထားရှိမှုအား ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများကို မှိုစိုက်ပျိုး နည်းသင်တန်း သင်ကြားနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြ သည်။


အဆိုပါ တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီ၏ မှိုစိုက်ပျိုးထုတ်လုပ်ရေး သင်တန်းတွင် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး တက်ရောက် သင်ကြားကြပြီး သင်တန်းတွင် မှိုမျိုးသန့်မွေးမြူနည်း၊ မှိုစိုက် ထုတ်ပြုလုပ်နည်းများနှင့် မှိုမှာကျရောက် တက်သည့် ရောဂါကာကွယ်နှိမ်နှင်းနည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်ရှိ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ် ရေးဓါတ်ခွဲခန်းရုံးသို့ရောက်ရှိရာ ရုံးဝန်းအတွင်း စိုက်ပျိုးထားသော Home Garden ဟင်းသီး ဟင်းရွက် စိုက်ခင်း၊ ရွှေတောင် ၁၀ ချည်မျှင်ရှည်ဝါ စိုက်ချိန်အလိုက် အထွက်နှုန်းအပေါ်တုံ့ပြန်မှု သုတေသနစိုက်ခင်း၊ နေကြာသီးနှံတွင် သီးနှံအဟာရဖြည့်တင်းမှု သုတေသနစိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် သုတေသနစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများအား တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး စိုက်ခင်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)