ပင်းတယမြို့၌ ကယားပြည်နယ်မှ နေရပ်စွန့်ခွာသူ (၁၃၇)ဦးအား ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့၌ ကယားပြည်နယ်မှ နေရပ်စွန့်ခွာသူ (၁၃၇)ဦးအား ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်





MNP - သြဂုတ်   ၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဇောတိကာရုံ ကျောင်းတိုက်၌ ကယားပြည်နယ်မှ နေရပ်စွန့်ခွာလာသူပြည်သူ (၁၃၇) ဦးအား၊ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ကူညီထောက်ပံ့မှုဖြင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လာရောက်လှူဒါန်းသည့် စားနပ်ရိက္ခာမြားအား ယမန်နေ့က နေ့လည်က ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့သည်။


အဆိုပါ စားနပ်ရိက္ခာ ကူညီထောက်ပံပေးအပ်မှုတွင်ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ကူညီထောက်ပံ့မှုဖြင့်၊  မြန်မာ့ကြက်ခြေနီ အသင်း (ဘေးဒုက္ခဆိုင်ရာစီမံခန့်ခွဲ ရေးဌာန)မှတာဝန်ရှိသူများက လာရောက်ပို့ဆောင် ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်။ ပင်းတယမြို့၊ ဇောတိကာရုံကျောင်းတိုက်ရှိ၊ ကယား ပြည်နယ်မှ နေရပ်စွန့်ခွာလာရောက်ခိုလှုံ နေထိုင်သူ အိမ်ထောင်စု(၃၄)စု၊ ကျား (၆၇) ဦး၊ မ (၇၀) ဦး၊ စုစုပေါင်း လူဦးရေ(၁၃၇) ဦး အတွက် တစ်လစာထောက်ပံ့ပေးသည့်ဆန်၊ ဆီ၊ ဆေး၊ဆား အပြင် အာဟာရဖြည့်စွက်စာ စားနပ်ရိက္ခာပစ္စည်းများကို၊ မြန်မာ့ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ပင်းတယမြို့နယ် ကြက်ခြေနီ အသင်းထံမှတဆင့် နေရပ်စွန့်ခွာပြည်သူများအားကူညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)