MNP ၊ ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လစဉ်ကျေးရွာများသို့ကွင်းဆင်း၍ဒေသဖွံ့ဖြိုးရေးအသိပညာပေးဆွေးနွေးပွဲများပြုလုပ်လျက်ရှိရာယမန်နေ့ နေ့လည် ၁၂ နာရီက မြောက်လွတ်ကုန်းကျေးရွာအုပ်စု၊ ရှားဖြူကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ကျေးရွာနေရပ်မိရပ်ဖတစ်ဦးက မြို့နှင့်အလှမ်းဝေးသည့်မိမိတို့ကျေးရွာသို့ယခုလိုလာရောက်ဆွေးနွေးပွဲပြုလုပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြို့နယ်မှတာဝန်ရှိသူများကမိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက်လာရောက်၍ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်သည့်အတွက် တက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးနိုင်ကြောင်းပြောကြားသည်။ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊သမဝါယမဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ လုပ်ငန်းများဆောင်ရွက်နေမှုနင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်တို့ကိုမေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
ထို့နောက်သီးနံများစိုက်ပျိုးသည့်တောင်သူများကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာပြုလုပ်သုံးစွဲနိုင်သည့် ဇီဝရွက်ဖျန်းအားဆေးပြုလုပ်နည်း၊တမာရွက်ဖြင့်ပိုးသတ်ဆေးပြုလုပ်နည်း၊ အပင်များကိုင်းကူး/ကိုင်းစပ်ပြုလုပ်နည်းနှင့် မြေချဉ်/ငံ တိုင်းတာခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - ကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment