MNP ၊ သြဂုတ် ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးပညာသင်ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေကြသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ ကို နံနက်ပိုင်းကစတင်ကာ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အဆိုပါကျောင်းတိုက်များရှိ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ဆေးထိုးနှံခြင်းမပြုမီ စာရင်းမှတ်တမ်းရေးသွင်းကောက် ယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဆရာ၊ဆရာမများမှ ကူညီဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေး များကို ထိုးနှံပေးလျက်ရှိသည်။ ယင်းနောက် ဆေးထိုးနှံမှုပြီးပါက သတ်မှတ်နေရာများတွင် မိနစ် (၃၀) ခန့်စောင့်ကြည့်ခြင်းကို ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ကျဆရာ၊ဆရာမများက အနီးကပ်စောင့် ကြပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ပရဟိတကျောင်းတိုက်မှ(၂၅) ဦး၊ ဘုန်းတော်ကြီးသင်မူလွန်ကျောင်း ဗောဓိသိပ္ပံ ကျောင်းတိုက်မှ (၅၇)ဦး၊ ဓမ္မိကာရုံကျောင်းတိုက်မှ (၂၀)ဦး၊ အောင်မင်္ဂလာကျောင်းတိုက်မှ (၇၃)ဦး၊ စသည့်ကျောင်းတိုက်များမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၇၅) ဦးတို့အား ကိုဗစ်ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင် ပထမ အကြိမ်ထိုးနှံပြီးထားသည့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်မြောက်) ဆက်လက်ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment