MNP ၊ ဩဂုတ် ၂
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်း ၊မြို့နယ်ပညာရေးမှူး ဦး အောင် စံကျော် ၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေး နှင့်ဆရာ ၊ဆရာမများ ၊ကျောင်းသား/သူများ ၊ ဧည့် ပရိတ်သတ် များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး (၆)မိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောင် တည် ကြ သည်။ ဆက်လက်၍ ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် အစ ရှိသော ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့် တော် မူကြပြီး ခရိုင်ပညာရေးမှူး ၊ မြို့နယ်ပညာရေးမှူး ၊ အမှတ် (၁) အခြေခံပညာ အထက် တန်း ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ ၊ဆရာမများ ဧည့်ပရိတ်သတ် များ က ဆရာတော် သံဃာ တော် အရှင် သူမြတ်များအား ဝါဆိုသင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။ ထို့နောက် (၆)မိုင်ဆရာတော်ထံမှ အနုမော ဒနာ တရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေး ဝေကာ အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း ကြပြီး ဆရာတော် ၊သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment