MNP ၊ ဩဂုတ် ၂
ရခိုင်ပြည်နယ် ၊ မောင်တောမြို့ အခြေခံပညာကျောင်းများ၌ ခရိုင်လူမှုဝန်ထမ်းရုံး နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တို့ပူးပေါင်း၍ ကလေး သူငယ် အခွင့်အရေးဆိုင်ရာ၊ သဘာဝဘေး အန္တရာယ် ၊လူ ကုန်ကူးမှု အန္တရာယ် များ ၊ မူးယစ်ဆေးဝါးအန္တရာယ်များ စသည့် အသိပညာပေးဟောပြောခြင်း ကို ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းက အမှာစကားပြောကြားပြီး ခရိုင် လူမှု ဝန် ထမ်း ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျောင်းသား/သူများ အနေဖြင့် ကလေး သူငယ် အခွင့် အရေးများ ကိုယ်တိုင်သိရှိ နားလည်နိုင်ရေး ၊ လူကုန်ကူခြင်း ကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့ ၊ မိုင်း အန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်း နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ပရိုဂျက်တာဖြင့် ရှင်း လင်းဆွေးနွေးပြီး ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက သဘာဝကြောင့်ဖြစ်ပေါ်တတ်သော လေ ဘေး၊ မုန် တိုင်းဘေး ၊ ရေကြီးမှု ၊လေဆင်နှာမောင်းတိုက်ခိုက်ခြင်း ၊ မီးတောင်ပေါက်ကွဲခြင်းများ ၊ ငလျင်ဘေး ၊ဆူနာမီဘေး ၊ မိုးခေါင်ရေရှားခြင်းများ ၊ မိုးကြိုးအန္တရာယ်များ စသည့် တို့ကို အသိပညာပေး Video ဖိုင်များအား ပြသခြင်း ၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ဝန်ထမ်းများ နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေး အဖွဲ့ ဝင်များက ကျောင်းသား/သူများအား အသိပညာ ပေး လက်ကမ်း စာစောင် များ နှင့် ကျောင်းသုံးဗလာစာအုပ်များ ၊ ဘော ပင်များ ကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူ နိုင် နှင့် ဝန်ထမ်းများ ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး နှင့် ဝန်ထမ်းများ ၊ မောင် တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း နှင့် အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေး အဖွဲ့ဝင်များ ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်း နှင့် ဆရာ ၊ဆရာမများ ၊ ကျောင်းသား/သူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment