မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာ၌ လူထုတွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာ၌ လူထုတွေ့ဆုံပွဲကျင်းပ



MNP - သြဂုတ်   ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် လူထုတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက တောင်းအင်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ချမ်းမြေ့အေးဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့် မိမိကျေးရွာသို့ ဧည့်သည်များရောက်ရှိလာပါက ဧည့်စာရင်းများတိုင်ကြားရန် လိုအပ်မှုများနှင့် ပတ်သက်၍လည်းကောင်း ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများက မိမိဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားခဲ့ကြသည်။


ထို့နောက် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာပြည်သူများက တောင်အင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောက်လုပ်နေသည့် အလျား(၁၃၀)ပေ၊ အနံ(၃၆)ပေရှိ စာသင်ကျောင်းအား အပြီးသတ်ဆောက်လုပ်ပေးနိုင်ရေး၊ ဆရာ/ ဆရာမ အင်အားလိုအပ်ချက်များရှိနေသည့်အတွက် ထပ်မံခွင့်ပြုချထားပေးနိုင်ရေးနှင့် အခြားကျေးရွာဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။


အဆိုပါ လူထုတွေ့ဆုံပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်းအင်ကျေးရွာမှ ပြည်သူများ စုစုပေါင်းအင်အား(၁၀၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။          


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)