နာဂဒေသ၊ ပန်ဆောင်မြို့၌ တကင်(မ်း)တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

နာဂဒေသ၊ ပန်ဆောင်မြို့၌ တကင်(မ်း)တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

 



MNP - သြဂုတ်   ၅


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အတွင်းရှိ ကျေးရွာ(၉)စုသို့ ဆက်သွယ်ထားသော ကျောက်ရောမြေနီလမ်းတွင် တည်ဆောက်လျက်ရှိသော တကင်(မ်း)ချောင်းတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိသည်။


တကင်(မ်း)ချောင်းတံတားမှာ တံတားအရှည်ပေ(၁၀၀)၊ အကျယ်(၁၂)ပေ၊ အမြင့်ထု(၁၉) လက်မ ကြမ်းခင်း သံဂူဘီလီအမျိုးအစားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ရေလမ်းကင်းလွတ် အမြင့်ပေ(၇) ပေ၊ မြေရောအနက်(၁၅)ပေ ဖောင်ဒေးရှင်းအမျိုးအစားဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး တံတား၏ ခန်းဖွဲ့ တစ်ခန်း အကျယ်ပေ (၄၀/၆၀)နှင့် အခန်း(၂)ခန်း မြေအောက်တိုင်(၁)လုံးတို့ဖြင့် တည်ဆောက်ထားလျက်ရှိပြီး ဝဲယာသံဘောင်တို့ဖြင့် ဝရံတာအမြင့် (၃)ပေဖြင့် တည်ဆောက်ထားလျက်ရှိပြီး လုပ်ငန်းတစ်ခုလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ တကင်း(မ်)ချောင်းတံတားမှာ ပန်ဆောင်ကျေးရွာ ကားလမ်းကြား တကင်း(မ်)ချောင်းကို ဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ကျေးရွာ(၉)အုပ်စုတို့မှ ပြည်သူများမှ ဒေသထွက်ကုန်များကို အလွယ်တကူ သယ်ယူ ရောင်းချနေပြီဖြစ်ကြောင်း ကျေးရွာ လမ်းကော်မတီထံမှ သိရှိရသည်။


သတင်း - ဂျာယော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)