စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်သိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်သိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်





MNP - သြဂုတ်   ၅


စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲ  အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး  သင်တန်းခန်းမတွင် ကျင်းပရာ သင်းတန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က “ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် တည်ဆောက်ထားသည့် အလျောက် သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် အလေးထားလုပ် ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ လူဦးရေတိုးပွားလာခြင်းနှင့်အတူ စွန့်ပစ်ပစ္စည်းများလည်း တိုးပွားလာသည့်အပေါ် ပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးမှုကို လျှော့ချရန် ဘက်ပေါင်းစုံမှ ကြိုးစား အဖြေရှာကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံစွဲမှုများကို လျှော့ချပြီး တိုင်းပြည်၏ သယံဇာတထိန်းသိမ်းနိုင်ရေး၊  ရာသီဥတုဖောက်ပြန်မှု ပြန်လည်မျှတရေး၊ နိုင်ငံပိုင် သစ်တောများ စိမ်းလန်းစိုပြေရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိရာ ကျွန်တော်တို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရန် အထူး အလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ သင်တန်းသားတို့အနေနဲ့ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို နားလည်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်များကို ဖြေရှင်းရန်နှင့် လက်တွေ့ နယ်ပယ်တွင် ပြန်လည်အသုံးချကာ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း" တိုက်တွန်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက သင်တန်းဖွင့်လှစ် ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပြီး သင်တန်းသား၊သင်တန်းသူများထံ သင်းတန်းဆင်းလက်မှတ်များအား ပေးအပ်သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွဲ့လိုက် စာတမ်းပြုစုခြင်းတွင် ပထမဆု၊ ဒုတိယဆု ရရှိကြသည့် အဖွဲ့များအား ဆုများ အသီးသီး ပေးအပ် ချီးမြင့်သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသားထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများအား ပေးအပ်ချီးမြင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းအား ဇူလိုင်လ(၁၃)ရက်နေ့မှ စတင်၍ သင်တန်းကာလ ၁ လကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် တာဝန်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးနှင့် ဒုတိယလက်ထောက် ဦးစီးမှူး - ၃၂ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)