ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ





MNP - သြဂုတ်   ၅


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစား သမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲကို မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီခွဲ ချိန်တွင် ဆက်လက်ကျင်းပရာ  ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့အားပေးခဲ့ကြသည်။


အဆိုပါပွဲစဉ်သည် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များမှ နဘူးတိုက်နယ်အသင်းနှင့် အမှတ်(၇)ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နဘူးတိုက်နယ်အသင်းမှ အမှတ်(၇) ရပ်ကွက်အသင်းကို ရလဒ် (၃ )ဂိုး(၁)ဂိုး ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။


ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ယနေ့ညနေ ၃ နာရီခွဲ အချိန်တွင် မြို့မအားက စားကွင်း၌  အမှတ်(၂)ရပ်ကွက်အသင်းနှင့်   ရေကျော်ကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)