(၂၃)ကြိမ်မြောက် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - ဇူလိုင် ၅


(၂၃)ကြိမ်မြောက် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄ /၂၀၂၂) ကို ယနေ့နံနက်ပိုင်းက အလုံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အလုံခရိုင် အုပ်ချုပ်ရေးမှူး၊ ကမာရွတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ကျောက်တံတားခရိုင် အုပ်ချုပ်ရေးမှူး၊ မရမ်းကုန်းခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သဘင်ပညာရှင်များ၊ ဂီတပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ အလုံခရိုင် အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် (၂၃)ကြိမ်မြောက်၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ဩဂုတ်(၈)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ ‌အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ ပူပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လိုအပ်သည်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်စေချင်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ကမာရွတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ကျောက်တံတားခရိုင် အုပ်ချုပ်ရေးမှူး၊ မရမ်းကုန်းခရိုင် အုပ်ချုပ်ရေးမှူးတို့က မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆပ်ကော်မတီများအား အသေးစိတ် ရှင်းလင်းပြောကြားကြသည်။


ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသည့် ကော်မတီဝင် (ဌာနဆိုင်ရာ) များ၊ ကော်မတီဝင် (မြို့နယ်အုပ်ချုပ်ရေးမှူး)များ၊ သဘင်ပညာရှင်များနှင့် ဂီတပညာရှင်များက အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသီးသီး ဆွေးနွေးတင်ပြကြသည်။


ထို့နောက် အလုံခရိုင် အုပ်ချုပ်ရေးမှူးက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများနှင့်‌ ကော်မတီဝင်များ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)