ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး‌ နေ့စဉ်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး‌ နေ့စဉ်ထိုးနှံပေး



MNP - ဩဂုတ်  ၅


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ  First dose ၊  Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အမှတ်(၇)ရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဌာနနှင့် စက်ရုံများတွင် အလှည့်ကျနေ့စဉ်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ပေးရာတွင် ဩဂုတ်လ(၄)ရက်နေ့တွင် အမှတ်(၇)ဒေသန္တရကျန်းမာရေးဌာနတွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးများကို ပထမအကြိမ် Covaxin (၁၀)ဦး၊ Booster(Sinovac) (၄၇)ဦး၊ နို့တိုက်မိခင် sinopharm (၅)ဦးနှင့် CK ငါးအအေးခန်းစက်ရုံရှိ ဝန်ထမ်း (၈၀)ဦး စုစုပေါင်း(၁၄၂)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေးကော်မတီဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေး အဆင်ပြေ ချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)