လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

 



MNP - ဩဂုတ်   ၅


ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၁၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်ထိ ကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့သည်။


လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်‌ပေါင်း (၁၅)ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ်လဆန်း(၁)ရက်မှ (၅)ရက်နေ့တိုင်း စဉ်ဆက်မပြတ် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။


သတင်း - ဝေလွင်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)