တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်



MNP - ဩဂုတ်   ၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ကွန်ပျူတာခန်းမတွင် ယနေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေကအဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။


အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို ဩဂုတ်လ ၄ ရက်မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြည်သူများ ကာယ၊ ဉာဏစွမ်းရည်ရင့်သန်လာစေရန် သင်တန်းများ ဆက်လက်ပို့ချသွားမည်ကြောင်း သိရသည်။


သတင်း - ဇော်နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)