ထားဝယ်မြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ငွေစာရင်း ရေးသွင်းနည်းသင်တန်းပို့ချခြင်း (AVIP) နှင့် ရန်ပုံငွေလွှဲအပ်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ငွေစာရင်း ရေးသွင်းနည်းသင်တန်းပို့ချခြင်း (AVIP) နှင့် ရန်ပုံငွေလွှဲအပ်ခြင်း အခမ်းအနားကျင်းပ

 


MNP - ဩဂုတ်   ၅


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာ (၅) ရွာမှ ကော်မတီဝင်များအား ငွေစာရင်းရေးသွင်းနည်းသင်တန်း (AVIP) နှင့် စီမံကိန်း ရန်ပုံငွေလွှဲအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးရဲခေါင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးဦးအောင်လွင်မှ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေလိုကြောင်းနှင့် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ကျေးရွာသူ/သားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားကာ မြို့နယ်ဦးစီးမှူးဒေါ်စိုးစိုးသီက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တာဝန်ရှိသူများက ရန်ပုံငွေ သုံးစွဲရေးအစီအစဉ်နှင့်ပတ်သက်သည့် သင်ခန်းစာများကို ပို့ချပေးခဲ့ပြီး ညွှန်ကြားရေးမှူး ဦးရဲခေါင်က ကထောင်းနီကျေးရွာ၊ ကျောက်မဲတောင်ကျေးရွာ၊ ဖောင်းတောမီးစက်ကျေးရွာ၊ ကျောက်ရပ်ကျေးရွာ၊ ညောင်တုန်းကျေးရွာ (၅) ရွာအား (၁) ရွာလျှင် ကျပ်(၁၀၀)သိန်းတိတိအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)