အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးဆက်လက်ထိုးနှံ



MNP - ဩဂုတ်   ၅


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌  မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင်မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ချောစုမွန်နှင့် ဝန်ထမ်းများက မွေးကင်းစကလေးငယ်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (ကိုယ်အလေးချိန် စစ်ဆေး၍ ပိုလီယိုရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) စသည့် (၅)မျိုးစပ် ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းအားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။


ထို့သို့ ထိုးနှံပေးရာတွင်  ဩဂုတ်  ၃ ရက်မှ ၄ ရက်အထိ   ပုလောမြို့ပေါ်ရပ်ကွက်နှင့် နီးစပ်ရာ ကျေးရွာများမှ အသက်(၂)နှစ်အောက် ကလေးငယ် ၃၉၅  ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။


သတင်း - အေးအေးမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)