တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ လုပ်ငန်းသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ လုပ်ငန်းသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ


MNP ၊ သြဂုတ် ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် သုံးစီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် ကားတာယာ ၇၁လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၅၀၀၀)၊ ထိုင်းနိုင်ငံထုတ် စက္ကူလိပ် ကီလိုဂရမ် ၂၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) နှင့် နောက်တွဲယာဉ်(Semi Trailer)ပါ Mitsubishi Fuso အမျိုးအစား ၁၈ ဘီးကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မြဝတီမြို့မှမန္တလေးမြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ် (Semi Trailer)ပါ Volvo FH အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၉၂၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ သြဂုတ် ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့ ကုန်တင်ကုန်ချကားကြီးကွင်းအတွင်း၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီ ၇၅ ပုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia အမျိုးအစား ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇၅၀၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင်လမ်း မိုင်တိုင်အမှတ်(၂၃/၄)အနီး၌ ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် ကား၊ ကွန်ပျူတာနှင့် ဖုန်းဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၂၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Scania Tractor အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၀၀၀၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၌ Canda 125 အမျိုးအစားလိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ သြဂုတ် ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော ဆိုင်ကယ်တာယာဆိုဒ်စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၈၅၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso အမျိုးအစားကုန်တင် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၃၈၅၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မိုးကောင်း-ဖားကန့်သွား ကားလမ်းမပေါ်၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့မှ ဖားကန့်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်၌ တရားမဝင် စက်သုံးဆီဂါလန် ၆၂၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၅၀၀၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Hino အမျိုးအစား ၁၂ဘီး ကုန်တင် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) နှင့် Nissan အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၅၀၀၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ယင်းအပြင် သြဂုတ် ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးမြို့နယ် အကောက်ခွန်ဌာနမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဘုရားကြီးတိုးဂိတ်အနီး၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံယာဉ်သုံးစီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းအရလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဒိုက်ဦးမြို့နယ် ဒိုက်ဦး-ညောင်ခါးရှည် လမ်း၌ Toyota Hilux အမျိုးအစား လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)နှင့် ရန်ကုန်-မော်လမြိုင်ကားလမ်း (မုပ္ပလင်) မိုင်တိုင်အမှတ်(၂/ဝ)နှင့် (၂/၁)အကြား၌ Toyota Probox အမျိုးအစားလိုင်စင်မဲ့ ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပဲခူးမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၁၂ ဒသမ ၇၄၉၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၈၆၅၇၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၆၃၆၅၇၆ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ သြဂုတ်၂၃ရက်၊ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၄ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၇၃၉၇၂၇၆ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)