MNP - ဩဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်း၌ စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းနေကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် ၂၀၂၂ ခုနျစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်အလိုက် အမျိုးသား/အမျိုးသမီး အသင်းလိုက်နှင့်တစ်ဦးချင်း ပြိုင်ပွဲဝင်ရောက်နိုင်ရန် လူရွေးချယ်ခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ အသက် ၂၅ နှစ်အောက်အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစီနှင့် အလွတ်တန်း နှစ်ဦးစီကိုလည်းကောင်း၊ အသက် ၁၈ နှစ်အောက် အမျိုးသား/အမျိုးသမီး လေးဦးကိုလည်းကောင်းရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ပြိုင်ပွဲ၌ စုစုပေါင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း၊ ပြိုင်ပွဲကို ဩဂုတ်လ ၆ ရက်နေ့အထိ နှစ်ရက်ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုခင်ထံမှသိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment