ကျာက်ဆည်မြို့နယ် တုံလုံကျေးရွာတွင် ပြည်သူများလူမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျာက်ဆည်မြို့နယ် တုံလုံကျေးရွာတွင် ပြည်သူများလူမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး



MNP - ဩဂုတ်   ၅


မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး၊ ကျေးလက်နေပြည်သူများ လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်၌  တုံလုံကျေးရွာတွင် ပြည်သူများလူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးလျက်ရှိကြောင်း သိရှိရသည်။


ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား (၅၃) သိန်းကျပ်ဖြင့် အရှည် (၆၆၅) ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများကူညီပေးလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပြီးပါက တုံလုံကျေးရွာမှ အိမ်ခြေ (၇၅) အိမ်၊ လူဦးရေ (၃၃၄) ဦးတို့၏ သွားရေးလာရေးတွင် များစွာအဆင်ပြေတော့မည်ဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့ဖြစ်ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)