MNP - သြဂုတ် ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက် မှု့ဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ မြို့နယ်အတွင်း ဆင်းရဲနွမ်းပါးသည့် အိမ် ထောင်စု(၃၀၀)စုအား ဆန်များ ထောက်ပံ့လှုဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီမှ စတင်ကာ အောင်ချမ်းသာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ အောင်သာယာရပ်ကွက်ရုံးတို့တွင် ပေးအပ် လှူဒါန်းသည်။
အဆိုပါ လှူဒါန်းမှုတွင် တစ်ရပ်ကွက်လျှင် အိမ်ထောင်စု (၁၀၀) စုဖြင့် မြို့ပေါ် ရပ်ကွက် (၃) ရပ်ကွက်အတွက် အိမ်ထောင်စု(၃၀၀)ကို တစ်အိမ်ထောင်လျှင် (၄)ပြည်ဝင် အိတ်တစ်အိတ်စီ ထောက်ပံ့ လှူဒါန်းပေးသည်။
ယနေ့လှူဒါန်းခြင်းတွင် မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ မင်းကံဌေးမှ လှူဒါန်းငွေကျပ် (၁၀) သိန်း ပြည်သူများ စုပေါင်းလှူဒါန်းငွေ ကျပ် (၁၀)သိန်း စုစုပေါင်း လှူဒါန်း ငွေကျပ်(၂၀)သိန်းဖြစ်ပြီး ယခုပထမအကြိမ် လှူဒါန်းခြင်းဖြစ်၍ ပြည်သူထည့်ဝင်လှူဒါန်းမှုများ ရရှိလာပါက ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။
သတင်း - အေးအေးသီ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment