MNP - ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းက သုံးသပ်ဆွေးနွေးပွဲပြုရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြစိမ်းရောင် ကျေးရွာ (၃၈) ယူနစ်မှ ကျေးရွာကော်မတီဝင်များက ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာမြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment