MNP - ဩဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် နေကြာသီးနှံအတွက် လိုအပ်သောမျိုးစေ့ဝယ်ယူရန်အတွက် တောင်သူများလိုအပ်သော ငွေကြေးအရင်းအနှီးကို ပံ့ပိုးပေးနိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အလည်ချောင်ကျေးရွာအုပ်စု၊ တောယားကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က တောယားကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကောင်အထည်ဖော် ဆောင်ရွက်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် အကျိုးကျေးဇူးများကို မိတ်ဆက်ရှင်းလင်းခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ကော်မတီဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
သတင်း - ရဲထက်ဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment