ကျောင်းကျန်းမာရေးကဒ် မှတ်တမ်းဖြည့်သွင်းခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကျန်းမာရေးကဒ် မှတ်တမ်းဖြည့်သွင်းခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်

 



MNP - သြဂုတ်   ၂၈


ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အ.လ.က ချမ်းမြသာမြေ ပြည်ထောင်စုခန်းမတွင် ယနေ့နံနက် ၉ နာရီ ၄၅ အချိန်က ကျောင်းသား၊ ကျောင်းသူများကျန်းမာကြံ့ခိုင်ပြီး အေးချမ်းစွာပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးကဒ် မှတ်တမ်းဖြည့်သွင်းခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ဖွင့်လှစ်ခဲ့သည်။


ဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်နှင့်  မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်းတို့မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းကိုစတင်ရာ ဒေါက်တာစိုးသက်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှသင်ကြားပေးကာ အုတ်ဖိုမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်း (၁၇၈) ကျောင်းမှ ဆရာဆရာမ (၁၇၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းကျန်းမာရေးကဒ်မှာ ကျောင်းသားတစ်ဦးချင်းစီ၏ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းဖြစ်ပြီး တစ်ဦးချင်းစီ၏ ကာကွယ်ဆေးထိုးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးခြင်းတို့ကို မှတ်တမ်းဖြည့်သွင်းထားမှာဖြစ်ကြောင်း၊ သူငယ်တန်းမှ ပဉ္စမတန်းကျေင်းသားကျောင်းသူများအား ရည်ရွယ်ထားခြင်းဖြစ်ပြီး  တစ်နှစ်လျှင်တစ်ကြိမ် ဖြည့်သွင်းသွားမှာဖြစ်ကြောင်း၊ ကျန်းမာရေးမှတ်တမ်းကဒ်ထားရှိခြင်းဖြင့် ကျောင်းသားတစ်ဦးချင်းစီ၏ ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှ တမ်းတင်ထားနိုင်ခြင်း၊ ကျောင်းသား မိဘအုပ်ထိန်းသူများနှင့် ဆရာဆရာမများက ကျောင်းသားများတွင် ဖြစ်ပေါ်သောရောဂါများကို ဖော်ထုတ်သိရှိနိုင်ပြီး ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ အချိန်မီကုသပေးနိုင်ခြင်းစသည့် အကျိုးရလဒ်များကိုရရှိပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)