MNP - ဩဂုတ် ၂၄
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ပရဟိတဂေဟာများအား ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဘိုးဘွားရိပ်သာခန်းမတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ပေးအပ်ချီးမြှင့်ခဲ့သည်။
ရှေ့ဦးစွာ ပေးအပ်ပွဲတွင် ကော့သောင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကြည်အေးက ပရဟိတဂေဟာများအား ထောက်ပံ့ ကြေးပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ကော့သောင်းမြို့နယ်၏ ပရဟိတဂေဟာတစ်ခုဖြစ်သည့် ဘိုးဘွာရိပ်သာ (ကော့သောင်း)သို့ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် လူမှု ဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ကြေးငွေကျပ် (၅၂၉၂၀၀ဝိ/-)ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုမှ ဘိုးဘွားရိပ်သာ တာဝန်ခံထံသို့ ပေးအပ်ခဲ့သည်။
ယင်းနောက် ဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားအားရုတ်သိမ်းလိုက်ကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ဂါရဝပြုလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment