MNP - ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လုံဟေးကျေးရွာအုပ်စု၊ လုံဟေးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများတိုး တက်ပေါ်ထွန်းလာစေရန်၊ မိသားစုဝင်ငွေများတိုးပွားလာစေရန်နှင့် ပြည်တွင်းထုတ်ကုန်များ အမယ်သစ် များပေါ်ထွက်လာပြီး ဈေးကွက်အတွင်း ပြည်ပသွင်းကုန်များအား အစားထိုးယှဉ်ပြိုင်လာစေရန်၊ လူသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိလာစေရန်၊ ကျေးလက်ဒေသဆင်းရဲမှု လျော့ချရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများအပြင် အခြား အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများဖြစ်သော စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများကို ရှမ်းပြည်နယ်အတွင်းလိုအပ်သောဒေသများသို့ သွားရောက်ပို့ချပေးလျက်ရှိကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ကိုယ်တိုက်ဆပ်ပြာနှင့် လက်သန့် ဆေးရည်စတာတွေကို သင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီးနောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဩဂုတ်လ(၁၉)ရက်နေ့မှ ဩဂုတ်လ(၂၃)ရက် နေ့အထိ (၅)ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment