MNP - ဩဂုတ် ၂၄
၂၀၂၂ ခုနှစ် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဖလား အသက်(၁၈)အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံး(ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို အထက-ကရသူရိ အသင်းနှင့်အထက-တောင်ဒဂုံအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲအပြီးတွင် အထက- ကရသူရိအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဘောလုံးသမားဆု၊ ရှေးတန်းအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များက အသီးသီးပေးအပ်ကြ ပြီး ဒုတိယဆုရရှိသည့် အထက-တောင်ဒဂုံ အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နေလင်းအောင် ကတစ်ဦးချင်း လည်ဆွဲဆုနှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသော အထက-ကရသူရိအင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment