မြိတ်မြို့၌ ကျောင်းသား/သူများအား ယာဉ်အန္တရာယ်/လမ်းအန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့၌ ကျောင်းသား/သူများအား ယာဉ်အန္တရာယ်/လမ်းအန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော



MNP - ဩဂုတ်   ၆


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်းသမီးကောင်းရတနာ ကျောင်း သား/သူများအား အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ယာဉ်အန္တရာယ်/လမ်း အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ဆိုး ကျိုးများကို သိရှိနားလည်ပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို အထက(၁)မြိတ် ပညာဗိမာန်ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။


အသိပညာပေးဟောပြောပွဲတွင် ယာဉ်မတော်တဆဖြစ်ရသည့်အကြောင်းအရင်းများ၊ မော်တော်ဆိုင် ကယ်စီးလျှင် လိုက်နာရမည့်အချက်များ၊ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ အကြောင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းဝေးစေရန် လိုက်နာရမည့်အချက်များ၊ လူမှောင်ခိုနှင့်လူကုန်ကူးအဓိပ္ပာယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သူများ၊ ဆိုးကျိုးများ၊ သတိပြုရှောင်ရှားရန်အချက်များ၊ မူးယစ်အစ ဆေးလိပ်က၊ ကွမ်းစားသုံးခြင်းအန္တရာယ်နှင့် သတိပေးနိုးဆော်ချက်များ၊ ခံတွင်းကင်ဆာ ဖြစ်ပွားခြင်း၊ မူးယစ် ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော မူးယစ်ဆေးဝါးများအကြောင်းကို တာဝန်ရှိသူများက ကျောင်းသား/သူအား Power Point ဖြင့် အကျယ်တဝင့် ဟောပြော ခဲ့ကြသည်။


ဟောပြောပွဲတွင် အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်နိုင်လင်း က  ယာဉ်အန္တရာယ်/လမ်းအန္တရာယ်အကြောင်းကိုလည်းကောင်း၊ အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ စိတ်(မြိတ်)မှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး ကျော်ဝင်းသန်းက လူကုန်ကူးမှုအန္တရာယ်အကြောင်းကိုလည်းကောင်း၊ အမှတ်(၃၅) မူးယစ်တပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့စုမှူး ရဲမှူး ဆန်းညွန့်အောင်က  မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)