စစ်တွေမြို့၌ ဝါတွင်းကာလ လပြည့်နေ့မတိုင်မီ အဖိတ်နေ့များတွင် ဆွမ်း၊ ဆန်စိမ်းလောင်းလှူနိုင်ရေး ညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၌ ဝါတွင်းကာလ လပြည့်နေ့မတိုင်မီ အဖိတ်နေ့များတွင် ဆွမ်း၊ ဆန်စိမ်းလောင်းလှူနိုင်ရေး ညှိနှိုင်းစည်းဝေး



MNP - ဩဂုတ်  ၆


စစ်တွေမြို့၌ ၂၀၂၂ ခုနှစ်၊ ဝါတွင်းကာလ လပြည့်နေ့မတိုင်မီ အဖိတ်နေ့များတွင် ဆွမ်း၊ ဆန် စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်သူရက ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲကို ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားမီကာလက ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါတွင်းကာလ လပြည့်၊ လကွယ်အဖိတ်နေ့များတွင် ရဟန်း၊ သံဃာတော် အရှင်သူမြတ်တို့အား ပင့်ဖိတ်ပြီး စုပေါင်း ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်ပူးပေါင်းပြီး လောကာနန္ဒာစေတီတော် မြတ်ကြီးအတွင်းမှာ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားမှုများနေချိန်တွင်လည်း လူစုလူဝေးမဖြစ်စေရန်အတွက် ဌာနဆိုင်များက အဖွဲ့လိုက် ဘုန်းတော်ကြီးကျောင်းများကို ဆန်အိတ် ၁၀၀၀ သွားရောက်လှူဒါန်းခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းလာသည့်အတွက် နှစ်စဉ်ပြုလုပ်ခဲ့သည့် ဝါတွင်းကာလ ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲကို ဖြစ်မြောက်အောင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်းမှာ ဝါတွင်းကာလ လပြည့်ဥပုသ်နေ့မတိုင်မီ အဖိတ်နေ့များတွင် သံဃာတော်အပါး ၅၀၀ ကို ဆွမ်း၊ ဆန်စိမ်းလောင်းလှူသွားမည်ဖြစ်သည့်အတွက် အားလုံးပါဝင် လှူဒါန်းပေးကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်သာသနာရေးမှူးနှင့် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးတို့က ဆွမ်း၊ ဆန်တော် လောင်းလှူရေးအတွက် သံဃာတော်များအား ပင့်ဖိတ်နိုင်ရေး၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များအတွက် လှူဒါန်းရန်နေရာများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ လောကာနန္ဒာစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌက ယခင်နှစ်များက ဆောင်ရွက်ခဲ့မှုနှင့် ယခုနှစ်တွင် ဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆွမ်း၊ ဆန်စိမ်းလောင်လှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)