MNP ၊ သြဂုတ် ၅
သံတွဲမြို့နယ်၊ငပလီကမ်းခြေဒေသတွင်ခရီးသွားလုပ်ငန်းအထောက်အကူပြုပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုယမန်နေ့ နေ့လယ် ၂နာရီကခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သံတွဲခရိုင်ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားသည်။ဆက်လက်ပြီးသံတွဲခရိုင်ခရီးစဉ်ဒေသဆိုင်ရာ စီမံ ခန့်ခွဲရေးအဖွဲ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သံတွဲရုံးခွဲတာဝန်ခံ ဦးကျော်ဇေယျ က သံတွဲ ခရိုင်ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုများ ၊ လုပ်ငန်း တာဝန်များ၊ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာသူများကလိုအပ်ချက်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေဆုံးဖြတ်ချက်အရအဆိုပါအသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၂၀ရက်နေ့ နေ့လယ်၁ နာရီအချိန်တွင်၊ငပလီမြို့၊ ဂျိုတ္တောရပ်ကွက်ရှိ Diamond Palace Hotel တွင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment