MNP ၊ သြဂုတ် ၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့်အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးကိုယ်စား ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးက နိုင်ငံနှင့်ပြည်သူအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိူင်ရန် မိမိတို့၏လုပ်ငန်းများကို တာဝန်ရှိသူများအားလုံးက နားလည်သဘောပေါက်ပြီး အောက်ခြေဝန်ထမ်းများအား မှန်ကန်သောဦးဆောင်မှုပေးကာ ကွပ်ကဲကြပ်မတ်ကြရန်လိုအပ်ကြောင်း၊ အသိတူမှသာ အလုပ်တူညီမှာဖြစ်သဖြင့် မြို့နယ်မှူးများနှင့် FRCတာဝန်ခံဝန်ထမ်းများအနေဖြင့် နိုင်ငံသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက် ဖော်ထုတ်ခြင်း လုပ်ငန်းများအား အလေးထားကြိုးစားဆောင်ရွက်သွားကြရန် သင်တန်းဖွင့်အမှာ စကားပြောကြားပြီး သင်တန်းနည်းပြ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်နိုင်တို့က သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။
အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်( ၂၈)မြို့နယ်မှ မြို့နယ်ဦးစီးမှူးများနှင့် FRCအမှုတွဲကိုင် ဝန်ထမ်းများ စုစုပေါင်း( ၆၂)ဦးတက်ရောက်ပြီး သင်တန်းကာလ (၅.၈.၂၀၂၂ရက်မှ ၆.၈.၂၀၂၂)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment