MNP ၊ သြဂုတ် ၅
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ယနေ့ နံနက်ပိုင်းက ဗေဒါပူးပေါင်း စစ်ဆေးရေးဂိတ်မှ (၁)ဖာလုံခန့်အကွာ တောလမ်းကြောင်းမှ ဗေဒါစစ်ဆေးရေးဂိတ်အား ရှောင်ကွင်း၍ အနီးရှိ ဝါးရုံတောအတွင်းတွင် ပုန်းအောင်းနေသည့် ခိုးဝင်ဘင်္ဂါလီ(၈)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဂွမြို့ ဗေဒါစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်းပြင်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် သတင်းအရ နှစ်ဖက်ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဗေဒါပူးပေါင်း စစ်ဆေးရေးဂိတ်မှ (၁)ဖာလုံခန့်အကွာ တောလမ်းကြောင်း ဝါးရုံတောအတွင်းတွင် ပုန်းအောင်းနေသော စစ်တွေမြို့နယ်၊ မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့၌ နေထိုင်သည့် ခိုးဝင်ဘင်္ဂါလီလူမျိုး ကျား(၅)ဦး၊ မ(၃)ဦး စုစုပေါင်း(၈) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ(၈)ဦးအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
သတင်း - မိုးစက်
https://t.me/MyanmarNationalPost


No comments:
Post a Comment