ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်





MNP ၊ သြဂုတ်  ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကော လိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ ဒုရဲမှူး ကျော်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့သည်။ 


အခမ်းအနားတွင် ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး နေထွန်းလင်း က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုခရိုင်ရဲ တပ်ဖွဲ့မှူးနှင့် ဒုရဲမှူးတို့မှ လူကုန်ကူးမှုမြောက်သည့် အကြောင်းအရင်းများ၊  လူကုန်ကူးမှုဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဟောပြောပြီး အခမ်းအနားသို့ တက်ရောက် လာကြသည့် သင်တန်းသား၊သင်တန်းသူများကို လူကုန်ကူးမှုနှင့်ပတ်သက်၍  တက်တက်ကြွကြွဖြင့် မေးခွန်း များ အပြန်အလှန် မေးမြန်းဆွေးနွေးပြီး အဖြေမှန်သူများကို ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ဆရာများနှင့် သင်တန်းသား၊ သင် တန်းသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ဝေသည့် လူကုန်ကူးမှုအသိပညာပေးလက်ကမ်းစာစောင်များအား ရဲတပ်ဖွဲ့ဝင်များကအခမဲ့ ဝေငှပေးခဲ့သည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကို အသိပညာပေး ဟောပြောပေးသည့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများအား ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီဝင်းမှ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)